မြိတ်၊  ၂၁  ဒီဇင်ဘာ

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီသို့ စုပေါင်းအလှူငွေ လှူဒါန်းခြင်းကို ဒီဇင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းက ကန်းစွန်းအင်းကိုယ်ပိုင် အထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

 

အဆိုပါလှူဒါန်းပွဲတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဥက္ကာမင်းက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး စေတနာရှင် အလှူရှင်များက အလှူငွေစုစုပေါင်း ၃၆၅ သိန်းကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

 

ထို့နောက် မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုကော်မတီဥက္ကဋ္ဌ ဒေါ်တင်တင်ထွေးက ယနေ့ အလှူရှင် ၆ ဦး လှူဒါန်းသည့် ငွေကျပ် ၃၆၅ သိန်းနှင့် ယခင် အလှူရှင်များ လှူဒါန်းခဲ့သည့် ငွေကျပ် ၂၂၃၅ သိန်း လှူဒါန်းခဲ့ကြသည့် စေတနာရှင် အလှူရှင်များအား ကျေးဇူးတင်စကား ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ခဲ့သည်။

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)