ထားဝယ် ဧပြီ ၅
တနင်္သာရီတိုင်းဒေသကြီး ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ဧပြီ ၅ ရက် နံနက်ပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အစည်းအဝေးတွင် ဝန်ကြီးချုပ် ဦးမြတ်ကိုက “ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရာတွင် ရလဒ်ကောင်းများ ရရှိစေရန် ဦးစားပေးဆောင်ရွက်သင့်သော လုပ်ငန်းများ၊ နည်းလမ်းများကို ရင်းနှီးပွင့်လင်းစွာ အကြံပြုဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း” ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုများကို ပြောကြားပြီး ကော်မတီဝင်များက ဖြည့်စွက်ဆွေးနွေး တင်ပြကြရာ ဝန်ကြီးချုပ် ဦးမြတ်ကိုက အဆိုပြုတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)