သရက်ချောင်း  ၂၃  ဧပြီ 

တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် မြန်မာ့စီပွားရေးဘဏ်မှ အငြိမ်းစားပင်စင် လစာများကို ဧပြီ ၂၃ ရက်နေ့ နံနက်ပိုင်းက သရက်ချောင်းမြို့နယ် မိုးလုံလေလုံအားကစားခန်းမအတွင်း၌ အငြိမ်းစား ဝန်ထမ်းများအား စနစ်တကျထုတ်ပေးလျက်ရှိသည်။

ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း လူစုလူဝေးမဖြစ်စေရန်အတွက် အငြိမ်းစား ပင်စင်လာစာများကို ဧပြီ ၂၁ ရက်က စတင်ထုတ်ပေးလျက်ရှိရာ ယနေ့အထိ အငြိမ်စားဝန်ထမ်း ၃၀ဝ ခန့်အား ထုတ်ပေးနိုင်ခဲ့ပြီး လာရောက်ထုတ်ယူနိုင်ခြင်းမရှိသည့်အငြိမ်းစားများကို ကျန်ရှိသည့် နေ့ရက်များတွင် မြန်မာ့စီးပွားရေးဘဏ်၌ ဘဏ်လုပ်ငန်းအချိန်အတွင်း လာရောက်ထုတ်ယူနိုင်ကြောင်း၊ သရက်ချောင်းမြို့နယ်အတွင်း အငြိမ်းစားပင်စင်လစာ လူဦးရေ ၆၆၅ ဦးရှိကြောင်း မြို့နယ် မြန်မာ့စီးပွားရေး ဘဏ်မန်နေဂျာဒေါ်ယုယုဌေးထံမှသိရသည်။

အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများထုတ်ပေးရာ၌ လက်ဆေးခိုင်းခြင်း၊ အပူချိန် တိုင်းတာ ပေးခြင်းနှင့် နှာခေါင်းစည်းများတပ်ဆင်ပေးခြင်းများကို ကျန်းမာရေးဝန်ထမ်းများနှင့် နယ်မြေခံတပ်ရင်းတို့မှ ဆောင်ရွက်ပေးလျက်ရှိ ပြီး ပင်စင်လစာငွေများ ထုတ်ပေးရာတွင်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လုံခြုံရေးအပြည့်အဝကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သရက်ချောင်း(ပြန်/ဆက်)