ရေဖြူ ၁၄ ဇန်နဝါရီ
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ်အတွင်း လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇)ပေးအပ်ပွဲ အခမ်းအနားကို ရေဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အောင်သာဝတီခန်းမ၌ ယမန်နေ့ကပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြင့်မောင်က အမှာစကား ပြောကြားရာ ဒေသခံတောင်သူများ၏ လိုအပ်ချက်ဖြစ်သော လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)များ ဆက်လက်ထုတ်ပေးနိုင်ရေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများက လုပ်ထုံးလုပ်နည်းနှင့်အညီထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဝန်ကြီးများက ဒေသခံတောင်သူ(၇၁)ဦး အား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)များ အသီးသီးပေးအပ်ခဲ့ပြီး တောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်ဆက်