ထားဝယ် ၂၆ ဒီဇင်ဘာ 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ သီတဂူအာရောဂျဒါန ဆေးရုံတော်ကြီးတွင် (၁၆)ကြိမ်မြောက် ကျန်းမာရေး အလှူတော်ကို သီတဂူဆရာတော်ကြီး၏ အစီအစဉ်ဖြင့် သီတဂူရွှေပြည်ဟိန်းဆရာတော်ကြီးက ဦးဆောင်၍ သမားတော်ကြီး ဒေါက်တာမြအောင် ဦးဆောင်သော သီတဂူရွှေပြည်ဟိန်း စက္ခုဒါနဆေးရုံတော်ကြီးမှ အထူးကုဆရာဝန်များ၊ ထားဝယ်မြို့ အထူးကုဆရာဝန်များနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းမှစ၍ မျက်စိဝေဒနာရှင် ၆၁ ဦးအား ခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော်ဉက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကုသမှုခံယူနေသော မျက်စိဝေဒနာရှင်များအား ကြည့်ရှုအားပေးစကားပြောကြားပြီး သီတဂူအာရောဂျဒါနဆေးရုံတော်ကြီးတွင် အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့သည်။

 

a

 

သီတဂူရွှေပြည်ဟိန်း စက္ခုဒါနဆေးရုံတော်ကြီးမှ အထူးကုဆရာဝန်များအဖွဲ့သည် ဒီဇင်ဘာ ၃၀ ရက်အထိ ခွဲစိတ်ကုသပေးမည်ဖြစ်ကြောင်း သိရပြီး မျက်စိဝေဒနာရှင် ၂၆၀ ဦး လာရောက်စာရင်းပေးသွင်းထားကြောင်းနှင့် ရဟန်း၊ သာမဏေ၊ သီလရှင်၊ ယောဂီပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်တို့၏ စက္ခုအလင်းအတွက် ဆရာတော်ကြီးနှင့်အတူ ကုသိုလ်ရှင်များက လိုအပ်သောဆေးဝါးနှင့် ဝေယျာဝစ္စအတွက် အလှူငွေများကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

ထားဝယ်ခရိုင်(ပြန်/ဆက်)