ထားဝယ် ၂၃ ဇူလိုင်

တနင်္သာရီတိုင်းဒေသကြီး စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ (၄/၂၀၂၀) အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့ တိုင်းဒေသကြီး၊ အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်

 

အစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာ‌ရေးနှစ်အတွက် တနင်္သာရီတိုင်းဒေသကြီး၏ GDP လျာထားချက်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးပြောကြားစေလိုကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း ဒေသ၏ စီးပွားရေး၊ လူမှုရေးထိခိုက်မှုများကို ပြန်လည်ကုစားနိုင်ရေးအတွက် ဌာနဆိုင်ရာအသီးသီးက စီမံချက်များချမှတ်၍ အစွမ်းကုန် ဆောင်ရွက် သွားစေလိုကြောင်း၊ တိုင်း‌ဒေသကြီးအတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ဆောက်ရေး၊ ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍများမှ GDP လျာထားချက်များအား အရည်အသွေး ပြည့်မီအောင် ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းညှိနှိုင်း ဆောင်ရွက်စေလိုကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် နိုင်ငံပိုင်အခန်းကဏ္ဍများအား ကြိုတင်တွက်ဆ၍ ထိထိရောက်ရောက် ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။

 111038909

 

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုက စီမံကိန်းရေးဆွဲ အကောင်အထည်‌ဖော်ရေး ကော်မတီနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများက  ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်၊ စီမံကိန်း ရည်မှန်းချက်အပေါ် တတိယ (၃)လပတ် အကောင်အထည်ဖော်နိုင်မှု အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်က လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်

 

အစည်းအဝေးသို့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ထားဝယ်ခရိုင်(ပြန်/ဆက်)