ဘုတ်ပြင်း နိုဝင်ဘာ ၂၈

 

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကိုသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် နိုဝင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းက ဘုတ်ပြင်းမြို့ ရွှေဘုံသာရပ်ကွက် တပင်ရွှေထီးလမ်း၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောက်လုပ်နေသည့် (၄)ခန်းတွဲ (၄)ထပ် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးပြီး အဆောက်အဦများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောက်လုပ်ကြရန်နှင့် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

 

ဆက်လက်၍ ဘုတ်ပြင်းမြို့ ပြည်သူ့ဆေးရုံရောက်ရှိကာ ဆေးကုသမှုခံယူနေသည့် အမျိုးသား/အမျိုးသမီးနှင့် ဖွားလူနာ စုစုပေါင်း (၂၂)ဦးအား ဆေးဝါးနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်၍ အားပေးစကားပြောကြားကာ ကျန်းမာရေးဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့သည်။ ယင်းနောက် ဆေးရုံးဝင်းအတွင်းရှိ အောက်ဆီဂျင်စက်ရုံအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အောင်မင်္ဂလာရပ်ကွက်ရှိ မာရ်အောင် ပရိတ္တိစာသင်တိုက်သို့ရောက်ရှိကာ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဂုဏိဿရထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ ပရိတ်တရားတော်များ နာယူကြပြီး ဆွမ်း၊ ဆန်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် ဆရာတော်ထံမှ အနုမောဒနာ တရားနာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရှိရသည်။

 

မြို့နယ်(ပြန်/ဆက်)