ထားဝယ်  နိုဝင်ဘာ   ၂၃

တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကို နိုဝင်ဘာ ၂၂ ရက် နံနက် ၉ နာရီက ထားဝယ်မြို့ ရွှေဝယ်သီရိ အားကစားခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက မြို့နယ်ပေါင်းစုံ ပိုက်ကျော်ခြင်း ပြိုင်ပွဲသည် ၂၀၂ ခုနှစ် ဇွန်လအတွင်း နေပြည်တော်၌ ကျင်းပပြုလုပ်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ရန်အတွက် တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားပြု လက်ရွေးစင်အားကစားသမားများ ရွေးထုတ်နိုင်ရန် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်ရေးနှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်းအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာရေး အတွက် ရည်ရွယ်ကျင်းပသော ပြိုင်ပွဲတစ်ခုလည်း ဖြစ်ကြောင်း၊ ပိုက်ကျော်ခြင်းအားကစားသမား များအနေဖြင့် အရည်အချင်းပြည့်ဝသော တိုင်းဂုဏ်ဆောင် နိုင်ငံ့ ဂုဏ်ဆောင် အားကစားသမား ကောင်းများဖြစ်အောင် ကြိုးစားယှဉ်ပြိုင်ကစားကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် ဖွင့်ပွဲနေ့ ပထမပွဲစဉ်အဖြစ် အမျိုးသား မြိတ်အသင်းနှင့် လောင်းလုံးအသင်းတို့ ယှဉ်ပြိုင်ရာ မြိတ်အသင်းက အနိုင်ရရှိသည်။

အဆိုပါပြိုင်ပွဲတွင် အမျိုးသား ၁၀ သင်း၊ အမျိုးသမီး ရှစ်သင်း ပါဝင်ယှဉ်ပြိုင်ပြီး နိုဝင်ဘာ ၂၆ ရက်အထိ ယှဉ်ပြိုင်ကစားကြ မည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)