ထားဝယ်   ၃  ဇန်နဝါရီ 

တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရုံးအဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကိုယနေ့နံနက် ၈ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနရုံး၌ ကျင်းပသည်။ 

 

‌ေ

 

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြင့်မောင် ၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးကြည်စိုး ၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးမင်းဇော်ဦး တို့က အဆောက်အဦသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြင့်မောင် က ရုံးသစ်ဆိုင်းဘုတ်အားစက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကာ တာဝန်ရှိသူများက  ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးသည်။ 

 

‌ေ

 

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်က အမှာစကားပြောကြားရာ၌ တိုင်းဒေသကြီးအတွင်းရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ ပိုမိုဝင်ရောက် လာစေရန်နှင့် ကုမ္ပဏီများအလွယ်တကူမှတ်ပုံ တင်နိုင်ရန်အတွက် တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးကိုဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခင်က ကုမ္ပဏီတစ်ခု မှတ်ပုံ တင်နိုင်ရန်အတွက်ရန်ကုန် ၊မန္တလေး၊ နေပြည်တော် မြို့ကြီးများသို့ သွားရောက်ရပြီး ယခုအချိန်တွင် ရင်းနှီး မြှုပ်နှံမှု ပြုလုပ်လိုသူများနေဖြင့် တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး၌ ရင်းနှီးမြှုပ်နှံမှု အတည်ပြုအမိန့်များကို လျင်မြန်စွာခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြောင့်အလုပ်အကိုင်အခွင့်အလမ်းများပေါ်ထွက်လာပြီး အသေးစား၊အလတ်စားစီးပွားရေးလုပ်ငန်းကဏ္ဍများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။ 

‌ေ

 

ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇင်လွင် က  ကျေးဇူးတင်စကားပြောကြားသည်။

 

‌ေ

 

ဖွင့်ပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ၊ရင်နှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 

‌ေ

 

(ထားဝယ်ခရိုင်ပြန်/ဆက်)