၁၇ မေ
တနင်္သာရီတိုင်းဒေသကြီးအတွင်း သမဝါယမဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ လောင်းလုံးမြို့နယ်၊ မြိတ်မြို့နယ်နှင့် ပုလောမြို့နယ်များတွင် အသင်းသားများ၏ ဆန္ဒနှင့်အညီ မျိုးစေ့ထုတ်လုပ်ရေ းသမဝါယမအသင်းများ ဖွဲ့စည်းပြီးလိုအပ်သော စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးထားပြီးဖြစ်ပါသည်။
အဆိုပါ အသင်းများမှ မျိုးကောင်း၊ မျိုးသန့်များရရှိစေရေးအတွက် အသင်းသားပိုင် မျိုးစေ့ စိုက်ဧက(၄၁၇)ဧကတွင် (ပေါ်ဆန်း၊ ဆင်းသုခ၊ မှော်ဘီ ၂) များစိုက်ပျိုးထားပြီး မျိုးစေ့ထုတ်လုပ်မှု ပမာဏစုစုပေါင်း (၁၉၃၄၆)တင်းထွက်ရှိပြီး သိုလှောင်ထားရှိသော မျိုးစေ့များအား ဒေသအတွင်းရှိ တောင်သူလယ်သမားများထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရသည်။
(သတင်းစဉ်)


