နေပြည်တော် မတ် ၂၀
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၃)သို့ တက်ရောက်ကြမည့် တနင်္သာရီတိုင်းဒေသကြီးအတွင်းမှ နိုင်ငံ့သားကောင်း ရတနာများအား ယနေ့ နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်မှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများက မြိတ်မြို့ နယ်မြေခံတပ်ခန်းမ၌ သွားရောက်တွေ့ဆုံသည်။
ဦးစွာ တိုင်းမှူးနှင့်တာဝန်ရှိသူများက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ပြည်သူ့ စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၃)သို့ တက်ရောက်ကြမည့် နိုင်ငံ့ သားကောင်းရတနာများအား အသုံးအဆောင်ပစ္စည်း ကို ပေးအပ်ပြီး ရင်းရင်းနှီးနှီး အားပေးစကားပြောကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


