နေပြည်တော် မတ် ၉
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တနင်္သာရီတိုင်းဒေသကြီး၊ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် အတွင်းရှိ ဆွမ်း/ကွမ်း ခက်ခဲသည့် ဘုန်းတော်ကြီးကျောင်းများတွင် ဆွမ်းဆန်တော် ၊ ဆီ၊ ဆား၊ ကုလားပဲ အမယ်လေးမျိုးကို ရဟန်း၊ သံဃာ၊ သာမဏေများအတွက် လှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဘုတ်ပြင်းမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဦးဘိုဘိုကျော်၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများက ကျွေးချောင်းကျေးရွာ၊ လင်းရောင်ခြည်ဓမ္မရိပ်သာကျောင်းတိုက်ရှိ သံဃာတော်များနှင့် စာသင်ရှင်သာမဏေများအတွက် ဆွမ်းဆန်တော် ၅ အိတ်၊ ဆီ ၁၀ ပိဿာ၊ ကုလားပဲ ၁၀ ပိဿာ၊ ဆား ၁၀ ပိဿာစသည့် လှူဒါန်း ဖွယ်ရာပစ္စည်းများအား ကျောင်းထိုင်ဆရာတော် ကေလာသ ထံသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်