နေပြည်တော် ဩဂုတ် ၁၈
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ ဆွမ်းဆန်တော်၊ ဆီနှင့် ကုလားပဲတို့ကို ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရေဖြူမြို့နယ် (ဃ)ရပ်ကွက်ရှိ သာသနပါလကျောင်းသို့ ရေဖြူမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများ သွားရောက်၍ ကျောင်းထိုင်ဆရာတော် ဦးသူရိယ ထံသို့ ဆွမ်းဆန်တော် ၇ အိတ်၊ ဆီ ၅ ပိဿာ၊ ကုလားပဲ ၅ ပိဿာနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)