ရန်ကုန် ၂၂ ဇွန် 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့ (၄)မှ တာဝန်ယူတည်ဆောက် လျက်ရှိသည့် တနင်္သာရီတိုင်းဒေသကြီးအတွင်း မြိတ်ခရိုင်ရှိ သမုတ်လွတ်လွတ် တံတားသည်  (၁၂၈၇) ပေ ရှည်ပြီး တည်‌ဆောက်ပြီးစီးမှု (၉၆)%ရှိပြီး ၊မြိတ်ခရိုင်အတွင်းရှိ တနင်္သာရီတံတားသည်  (၁၄၄၄) ပေ ရှည်ပြီး တည်ဆောက်ပြီးစီးမှု (၉၉)% ရှိခြင်းနှင့် ကော့သောင်းခရိုင်တွင်ရှိသည့် ပုလုံးတုံးတုံးတံတားသည် ပေ (၂၄၀၀ ) အရှည်ရှိပြီး တည်ဆောက်ပြီးစီးမှု (၉၃)%အထိ ပြီးစီးပြီဖြစ်၍ တံတား သုံးစင်းကို မကြာမီ ဖြတ်သန်းအသုံးပြုခွင့် ရတော့မည်ဖြစ်ကြောင်း တံတားတည်ဆောက်ရေးအဖွဲ့(၄)မှ တာဝန်ရှိသူများနှင့် Online မေးမြန်းမှုအရ သိရှိရပါသည်။


Credit>MRTV