ထားဝယ် ဇွန် ၅

 

၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်း တွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တက်ရောက် အမှာစကားပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာ ဖတ်ကြားသည့် ဗီဒီယို၊ ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ် အမှု ဆောင် ညွှန်ကြားရေးမှူး၏ သဝဏ်လွှာ ဖတ်ကြားသည့်ဗီဒီယို၊ ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဗီဒီယိုတို့ကို ကြည့်ရှုအားပေးကြသည်။

 

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ချုပ်နှင့် တာဝန်ရှိသူများက ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန် သောနေရာဒေသ (စံပြကျေးရွာ) ၌ ဆုနှင့် အခြေခံပညာအထက်တန်း အဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် သန့်ရှင်း၍ စိမ်းလန်း စိုပြည်သောကျောင်းဆု ရရှိသည့်ကျောင်းများနှင့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကြီး အထိမ်း အမှတ် အခြေခံပညာ အထက်တန်းအဆင့်၊ အလယ် တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် သရုပ်ဖော် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူများကို ဆုများပေးအပ် ချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကာ ကမ္ဘာ့ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ပြခန်းများကို လှည့်လည် ကြည့်ရှုအားပေး ကြသည်။(ဝဲပုံ)

 

အခမ်းအနား အပြီးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ထားဝယ်မြို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပင်လယ်ကမ်းရိုး တန်းသယံဇာတ စီမံအုပ်ချုပ် လုပ်ကိုင်မှုကော်မတီ အစည်းအဝေး သို့ တက်ရောက်အမှာစကား ပြောကြားသည်။

 

အစည်းအဝေးတွင် တိုင်းဒေသ ကြီး သယံဇာတရေးရာဝန်ကြီးက တိုင်းဒေသကြီး ပင်လယ်ကမ်းရိုး တန်း သယံဇာတစီမံအုပ်ချုပ် လုပ်ကိုင်မှုကော်မတီ အစည်းအဝေး ကျင်းပခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ ပြီး ကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နေမှုနှင့် ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်း ဆွေးနွေးကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)