ကျော်စိုး (ကော့သောင်း)

 

ရှားပါး၍ ပရိုတင်းဓာကြွယ်ဝပြီး အာဟာရဓာတ်များစွာပါဝင်သော အဖိုးတန် "ငှက်သိုက်" ဟုခေါ်သည့် ဆေးဖက်ဝင်ပစ္စည်း တစ်မျိုးကို မြင်ဖူးသူနည်းပါလိမ့်မည်။ ထို ငှက်သိုက်ကို မြန်မာနိုင်ငံတောင်ဘက်ပိုင်း တွင်သာ တွေ့ရတတ်သည့် ပျံလွှားငှက် မျိုးနွယ်ဝင် "လေစားငှက်"(ခေါ်) "ဇီဝဇိုး"ငှက် မှ ထွက်ရှိခြင်းဖြစ်သည်။

 

ငှက်သိုက်ဟုခေါ်ခြင်းမှာ အဆိုပါ "ဇီဝဇိုး" ငှက်ငယ်လေးများ နေထိုင်ပေါက်ဖွားရန် အသိုက် ပြုလုပ်ရာတွင် မိမိတို့ဘာသာ အန်ထုတ်သည့် အာစေးအကျိအချွဲများဖြင့် အသိုက်အဖြစ် ဆောက်လုပ်ကြရာ ထိုအသိုက်ကိုခေါ်ခြင်း ဖြစ်ပြီး ပရိုတင်းဓာတြွ်ကယ်ဝ၍ ဆေးဖက်ဝင် အဖိုးတန်လှပေသည်။

 

ငှက်သိုက်ငှက်၊ မိုးစွေငှက်၊ ဒုန်းငှက် ဟုလည်းခေါ်ကြသည်။ မြန်မာနိုင်ငံတွင် ဇီဝဇိုး ငှက်အမျိုးအစား ခြောက်မျိုးရှိပြီး ငှက်သိုက် ထုတ်လုပ်နိုင်သော ငှက်အမျိုးအစားများမှာ ငှက်သိုက်အဖြူထုတ်လုပ်သည့် hfCollocalia Fuciphaga နှင့် ငှက်သိုက်အမည်းထုတ်လုပ် သည့် fCollocalia Maxima တို့ဖြစ်သည်။ မြန်မာနိုင်ငံမှာ ဇီဝဇိုးငှက်များကို ပုသိမ်ခရိုင် အတွင်းရှိ ကျွန်းအချို့နှင့် မြိတ်ကျွန်းစုအတွင်းရှိ ကျွန်းအချို့တွင် တွေ့ရှိရပါသည်။

 

'ဇီဝဇိုး'ငှက်၏ ပုံသ္ဌာန်သည် ပျံလွှား ငှက်နှင့်ဆင်တူပြီး စာကလေးငှက်အရွယ် မီလီမီတာ ၁၀ဝ မှ ၄၀ဝ အတွင်းရှိကာ ကျော ဘက်ငှက်မွေးအရောင်မှာ အနက်ရောင်ဖြစ်ပြီး ဝမ်းဗိုက်ဘက်တွင် မီးခိုးရောင်ဖြစ်သည်။ ဦးခေါင်းသေး၍ လုံးဝန်းပြီး မာသောနှုတ်သီးနှင့် ကျယ်သော ပါးစပ်ပေါက်ရှိသည်။ တောင်ပံ ချွန်၍ အမြီးတိုသောကြောင့် ပျံသန်းမှုလျင်မြန် သည်။ ညအိပ်ချိန်မှလွဲ၍ တစ်နေ့လုံးပျံသန်းနိုင် ကာ တိုပြီးကောက်နေသည့် ခြေသည်းများပါ သော ခြေလေးချောင်းရှိသည်။ ခြေလေးချောင်း အနက် သုံးချောင်းမှာ အရှေ့ဘက်သို့ကား၍ ညွတ်နေသောကြောင့် ကျောက်ဆောင်အစွန်း နှင့် အဆောက်အအုံနံရံများတွင် ခိုင်မြဲစွာ ကုပ်တွယ်ထားနိုင်စွမ်းရှိသည်။

 

'ဇီဝဇိုး'ငှက်သည် လူသူဝေးရာ ပင်လယ် ကျွန်း၊ ကျောက်ဆောင်များ၊ လိုဏ်ဂူများတွင် ထောင်ပေါင်းများစွာ အုပ်စုဖွဲ့နေထိုင်၍ ပျံသန်းရင်း အင်းဆက်ပိုးမွှားများကို ဖမ်းယူ စားသောက်ကြသည်။

 

တိမ်ရှိသည့်အမြင့်အထိ ပျံသန်းနိုင်စွမ်း ရှိပြီး အမြင်အာရုံစူးရှကာ လျင်မြန်ဖျတ်လတ် သည်။ မျိုးပွားရာသီဖြစ်သည့် တပေါင်း၊ တခူး လများတွင် ငှက်အထီးများက ထူးဆန်းစွာ မိမိတို့ အာခေါင်မှ အာစေးအကျိအချွဲများ အထပ်ထပ်အဖန်ဖန် အန်ထုတ်၍ ကျောက် ကမ်းပါးနံရံများတွင် အသိုက်ပြုလုပ်ကြသည်။ ထိုအန်ထုတ်လိုက်သည့် အာစေးအကျိအချွဲ များသည် လေနှင့် ထိတွေ့လျှင် မာကျော သွားရာမှ မကြာမီ ငှက်ကလေးနေနိုင်ရန် ခွက်ပုံသ္ဌာန်ဖြစ်အောင် ဖန်တီးတည်ဆောက် ၍ ငှက်မများက ဝင်ရောက် ဥ သားပေါက်ဖွား ကြသည်။

 

တစ်ကြိမ်လျှင် ဥ နှစ်လုံး ဥလေ့ရှိသည်။ အထီးတစ်ကောင်နှင့် အမတစ်ကောင်ပေါက်ဖွား လေ့ရှိပြီး မိခင်ငှက်မကြီးမှ သားပေါက်များကို နှစ်လကြာကျွေးမွေးပြုစုပြီး အရွယ်ရောက်ကာ အသိုက်မှဆင်းကြသည်။

 

ထိုသို့ သားပေါက်အရွယ်ရောက်ပြီး ငှက် ငယ်လေးများမရှိတော့သည့် အသိုက်ကို ခွာယူစုဆောင်း၍ ဆေးဖက်ဝင်ငှက်သိုက်အဖြစ် အသုံးပြုကြခြင်းဖြစ်သည်။ 

 

ငှက်သိုက်တွင် Collocalia innominate ခေါ် ဇီဝဇိုးငှက်မျိုးမှရရှိသည့် အမည်းရောင် ငှက်သိုက်နှင့် Collocalia Fuciphaga ခေါ် ဇီဝဇိုးငှက်မှရနိုင်သည့် အဖြူရောင် ငှက်သိုက်ဟူ၍ အမျိုးအစား နှစ်မျိုးရှိသည်။ အဖြူရောင် ငှက်သိုက်သည် လူကြိုက်များ၍ အမည်းရောင်ငှက်သိုက်ထက် ၁၀ ဆဈေးကြီးသည်။

 

ငှက်သိုက်သည် နာတာရှည်ရောဂါရှိသူများ၊ သက်ကြီးရွယ်အိုများ၊ အားအင်ကုန်ခမ်း နေသူများ မှီဝဲကြသည်။ ယခုအခါသဘာဝ ငှက်သိုက်ကို တခြားဆေးဖက်ဝင်ပစ္စည်းများ ဖြင့် ပေါင်းစပ်ကာ ခေတ်မီနည်းပညာဖြင့် ဖော်စပ်ထားသည့် ငှက်သိုက်ပေါင်းရည်သည် အဆုတ်အားကောင်းစေခြင်း၊ ချောင်းဆိုး၊ အအေးမိနှင့် တုပ်ကွေးရောဂါများကို ပျောက်ကင်း စေနိုင်၍ အလွန်ဆေးဖက်ဝင် အဖိုးထိုက် သဖြင့် ပြည်တွင်းတွင်သာမက ပြည်ပနိုင်ငံ များသို့ပါ တင်ပို့ရောင်းချရသဖြင့် နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရလုပ်ငန်းတစ်ခု လည်း ဖြစ်ပေသည်။

 

အထူးသဖြင့် ဥရောပနိုင်ငံများ အပြင် တရုတ်(တိုင်ပေ)၊ ဟောင်ကောင်နှင့် တရုတ် နိုင်ငံများမှ ကြိုက်နှစ်သက်ကြ၍ အထူးမှာယူ တင်သွင်းကြကြောင်း သိရသည်။

 

ငှက်သိုက်ကို ယခင်လူသူမနီးသည့် ပင်လယ်သမုဒ္ဒရာ ကျွန်းများပေါ်ရှိ ကျောက် ဆောင်လိုဏ်ဂူ အမိုးနံရံများတွင် သဘာဝ အလျောက် အသိုက်ဖွဲ့နေသည့် ငှက်သိုက် များကို ခဲယဉ်းစွာသက်စွန့်ဆံဖျား လိုက်လံ ရှာဖွေ စုဆောင်းရောင်းချလေ့ရှိရာ ယခုအခါ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်မြို့၊ ဘုတ်ပြင်းမြို့နှင့် ကော့သောင်းမြို့များရှိ လူနေ အိမ်များတွင် ဇီဝဇိုးငှက်ကလေးများအား မလေးရှားနိုင်ငံ၏ နည်းပညာဖြစ်သည့် ငှက် အော်သံအတုကို စပီကာများဖြင့် ဖွင့်လှစ်၍ ငှက်များပေါက်ဖွား နေထိုင်လေ့ရှိသည့် ဝန်းကျင်ပုံသ္ဌာန်အသွင် ဖန်တီးလှည့်စား ဖျားယောင်းဖိတ်ခေါ် ကာ မွေးမြူ၍ ငှက်သိုက် စီးပွားဖြစ်ထုတ်ယူသည့် လုပ်ငန်းကို တွင်ကျယ်စွာ လုပ်ကိုင်လာကြသည်ကို တွေ့ရသည်။

 

ငှက်သိုက်သည် သဘာဝသစ်တောထွက် သယံဇာတတစ်မျိုးဖြစ်သည့်အတွက် နိုင်ငံတော် အနေဖြင့် သစ်တောဦးစီးဌာနမှ လိုအပ်သည့် ဥပဒေများပြဋ္ဌာန်း၍ ငှက်သိုက်ထုတ်လုပ် သိမ်းယူခွင့်လိုင်စင်များ ထုတ်ပေးကာ ငှက် မျိုးစိတ်များ ပြုန်းတီးမှုမဖြစ်စေရန်နှင့် နိုင်ငံတော်အတွက် အခွန်အခများရရှိရန် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံတွင် တနင်္သာရီတိုင်းဒေသကြီးမှလွဲ၍ မည်သည့် ဒေသတွင်မှ မရှိနိုင်သော နိုင်ငံခြားဝင်ငွေ ရှာဖွေပေးသည့် ငှက်သိုက်မွေးမြူထုတ်လုပ် ခြင်းလုပ်ငန်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ စီးပွားဖွံ့ဖြိုးတိုးတက်မှု အခန်းကဏ္ဍတွင် တစ်ဖက်တစ်လမ်းမှ ဖြည့် ဆည်း ဆောင်ရွက်နေကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။ ။

 

ရည်ညွှန်း-

 

(၁) ပါမောက္ခ ဒေါ်မြင့်မြင့်သန်း(သတ္တဗေဒ ဌာနမှူး)၏ မြိတ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း (၂၀ဝ၄-၂၀ဝ၅)"ငှက်သိုက်" ဆောင်းပါး

 

(၂) ဦးသန်းမြင့် ၏ (မြန်မာပြည်တောင်ဘက် ပင်လယ်တွင်းက စာအုပ်)

 

(၃) ထားဝယ်ဗျူးတီးမှ ဓာတ်ပုံတချို့ ကူးယူ ဖော်ပြပါသည်။

 

ge 53495666_2