ထားဝယ်   အောက်တိုဘာ   ၈

 

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တာဝန်ရှိသူများသည် အောက်တိုဘာ ၈ ရက် နံနက်ပိုင်းတွင် ထားဝယ်မြို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ထားဝယ်မြို့၊ ရွှေဝယ်သီရီပညာဗိမာန် စာကြည့်တိုက်တွင် သုတရသ စာအုပ်များ၊ Library Computer များအား ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ရွှေဝယ်သီရိ အားကစားကွင်းသို့ သွားရောက်၍ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေဝယ်သီရိ အားကစားခန်းမ၌ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် ဒုတိယအကြိမ် ထိုးနှံနေမှုအား ကြည့်ရှုအားပေးပြီး ထားဝယ်လေဆိပ်၌ လေယာဉ်ကွင်း သန့်ရှင်းရေး၊ လေဆိပ်ဝင်း အတွင်း/ အပြင်သန့်ရှင်းရေး၊ ခရီးသည်နားနေဆောင်ရှိ သန့်စင်ခန်းများ အခြေအနေတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးကာ သက်ဆိုင်ရာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)