ထားဝယ် မတ် ၁၁
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ ကျောင်းသား ကျောင်းသူများသည် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ယနေ့အေးချမ်းစွာဖြေဆိုလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေးသည်။
ကြည့်ရှုစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသား ကျောင်းသူများ၏ ကျန်းမာရေးကို အလေးထားဆောင်ရွက်ပေးရန်၊ စာမေးပွဲကို စာမေးပွဲ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖြေဆိုနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်းမှာကြားသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်စာမေးပွဲကို သက်ဆိုင်ရာစာစစ်ဌာန ၁၇ ခု၌ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား ၂၂၄၀၊ ကျောင်းသူ ၄၀၈၃ ဦး စုစုပေါင်း ၆၃၂၃ ဦးရှိပြီး မြန်မာစာဘာသာရပ်ဖြေဆိုသူ ကျောင်းသား ၂၁၀၃ ဦး၊ ကျောင်းသူ ၃၈၈၈ ဦး စုစုပေါင်း ၅၉၉၁ ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း ၉၄ ဒသမ ၇၅ ရာခိုင်နှုန်း၊ ပျက်ကွက်သူ စုစုပေါင်း ၃၃၂ ဦး၊ ၅ ဒသမ ၂၅ ရာခိုင်နှုန်းရှိကြောင်းနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား ၂၉ ဦး၊ ကျောင်းသူ ကိုးဦး စုစုပေါင်း ၃၈ ဦးရှိကြောင်းနှင့် အဆိုပါစာစစ်ဌာနများ၌ ကျောင်းသား ကျောင်းသူများ စာမေးပွဲအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများနှင့် တာဝန်သိပြည်သူများက ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


