ကော့သောင်း အောက်တိုဘာ ၇
တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ လူမူရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကော့သောင်းမြို့၊ ပုလုံးတုံတုံးကျေးရွာ၌ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ခုနစ်ရက်မြောက်အဖြစ် ကောက်ယူနေမှုများကို အောက်တိုဘာ ၇ ရက် နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုလုံးတုံတုံးကျေးရွာ၊ ရန်ကြီးအောင်ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ပဓာနနာယကဆရာတော် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် ဘဒ္ဒန္တပညာဝံသအား ဖူးမြော်ကန်တော့၍ သာသနာရေးဆိုင်ရာများ မေးမြန်းလျှောက်ထားကာ လှူဖွယ်ပစ္စည်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်ကြသည်။ ယင်းနောက် ကျေးရွာအတွင်း သန်းခေါင်စာရင်း ကောက်ယူနေသည့် နေအိမ်များသို့ သွားရောက်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် ဆက်စပ်အဖွဲ့အစည်းများ၊ စာရင်းစစ်၊ စာရင်းကောက်များက ဒေသခံပြည်သူများအား သန်းခေါင်စာရင်းကောက်ယူနေမှုများကို လိုက်လံကြည့်ရှု၍ ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)


