ထားဝယ် နိုဝင်ဘာ ၁၀

တနင်္သာရီတိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ပထမအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကိုနိုဝင်ဘာ ၉ ရက်နေ့မွန်းလွဲ ၂ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊အစည်းအဝေး ခန်းမ၌ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို က အမှာစကားပြောကြားပြီး တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဒုတိယဥက္ကဌ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်စီးပွားရေးရာ ဝန်ကြီးဦးမောင်ကြီး က ကော်မတီများအနေဖြင့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သော စီးပွားရေးလုပ်ငန်းများအပေါ်တွင် လုပ်ငန်းလိုင်စင်များစိစစ်ခွင့် ပြုပေးခြင်းဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ သက်ဆိုင်ရာလုပ်ငန်းရှင်များအလိုက် လုပ်ငန်းလိုင်စင်ချထားဆောင်ရွက်မှုနှင့် ပတ်သက်၍ ကော်မတီအတွင်းရေးမှူးက ချပြရှင်းလင်းဆွေးနွေးသွား မှာရဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်း ကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်နိုင်ရန်ရေးနှင့် ပတ်သက်၍ ရှင်းလင်းဆွေနွေးပြောကြားပြီး ကော်မတီအတွင်းရေးမှူးဦးရဲအောင်မိုး က တိုင်းဒေသကြီးအတွင်းရှိ ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေအနေများ၊ ကော်မတီကဆုံးဖြတ်ပေးရမည့် သက်ဆိုင်ရာဝန်ဆောင်မှုကဏ္ဍအလိုက် လုပ်ငန်းလိုင်စင်လျှောက်ထားခြင်း အကြောင်းအရာများနှင့်ခရီး သွားလုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များက တွေ့ကြုံရသော အခက်အခဲများ၊ တိုင်းဒေသကြီးအတွင်း၌ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ စနစ်တကျဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်ရေး အတွက်အကြံပြုရှင်းဆွေးနွေးရာ တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကို က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)