ဘားအံ နိုဝင်ဘာ ၂၂
ကရင်ပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနနှင့် ဘားအံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ပြည်နယ် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ လမ်းညွှန်ချက်ဖြင့်အညီ ကျင်းပသည်။
ရှေးဦးစွာ ကျေးလက်ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးရန်မျိုးနိုင်က အဖွင့်အမှာစကားပြောကြားပြီး ထူးချွန်ဆုရရှိသော သင်တန်းသူအား ဆုချီးမြှင့်ပေးအပ်သည်။ ဆက်လက်၍ ပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်အိကလျာနိုင်မှ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။
အဆိုပါသင်တန်းကို ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာ(၁၀)ရွာမှ သင်တန်းသား သင်တန်းသူ(၂၀)ဖြင့် စာတွေ့ လက်တွေ့ (၇) ရက်ကြာ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
သက်နိုင်ထွန်း(ကျေးလက်)


