ဘုတလင် ၂၂ စက်တင်ဘာ

လယ်ယာထွက်ကုန် သစ်သီးဝလံများကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ကျန်းမာရေးနှင့်အညီ ထုတ်လုပ်နိုင်စေရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ညောင်ကန်ကျေးရွာတွင် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းသင်တန်းကို စက်တင်ဘာ ၂၁ ရက်မှ ၂၂ ရက်အထိ ()ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

749

 

တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းသင်တန်းတွင် စိုက်ပျိုးရေးဦးစီးဌာန ဥယျာဉ်နှင့် အပင်ဇီဝနည်းပညာ ဌာနခွဲမှ ဦးစီးအရာရှိ ဒေါ်သက်သက်နွယ်နှင့် ဝန်ထမ်းများက ခရမ်းချဉ်သီးဆော့(စ်)၊ ခရမ်းချဉ်သီးတော်ဖီ၊ ခရမ်း ချဉ်သီးယို၊ ခရမ်းချဉ်သီးဖျော်ရည်၊ ကိုရီးယားကင်(မ်)ချီ၊ ငရုပ်ဆော့(စ်) ပြုလုပ်ခြင်းနှင့် ထုတ်ပိုးခြင်းနည်းပညာများကို စာတွေ့သင်ကြားပေးသည့်အပြင် အဖွဲ့လိုက်လည်း လက်တွေ့ပြုလုပ် သင်ကြားပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်ချိုချိုမာက ပြောသည်။

 

tjw

 

အဆိုပါသင်တန်းသို့ ဘုတလင်မြို့နယ်အတွင်းမှ သင်တန်းသား၊ သင်တန်းသူ(၄၅)ဦး တက်ရောက်ကြပြီး သင်တန်းကို မဲခေါင်-လန်ချန်းစီမံကိန်း ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ခြင်း နည်းပညာပေးခြင်းအစီအစဉ်အရ ဖွင့်လှစ်သင်ကြားပေးခြင်း ဖြစ်ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်(ဘုတလင်)