ဘိုကလေး ၁၈  စက်တင်ဘာ 


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ လမ်းအမှတ်(၅)၊ ဘိုကလေး-ကြိမ်ချောင်း-ကဒုံကနိလမ်း မိုင် (၆/၆) ရှိ သိုင်းချောင်း(၁)တံတား (၆၀)ပေကို တံတားအထူးအဖွဲ့(၁၆) ပုသိမ်မှ ပြုပြင်ဆောင်ရွက်မည် ဖြစ်သောကြောင့် မော်တော်ယာဉ်ဖြတ်သန်းသွားလာခွင့် ခေတ္တပိတ်မည် ဖြစ်သည်။


ပြင်ဆင်ဆောင်ရွက်ရာတွင် စက်တင်ဘာ ၂၀ ရက်မှ ၂၆ ရက်နေ့အထိ တံတား၏ သစ်သားကြမ်းခင်းအစား C-Channel ဖြင့် အစားထိုးလဲ လှယ်မည်ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်နေစဉ် ကာလအတွင်း လုပ်ငန်းအောင်မြင်ရေးနှင့် အန္တရာယ်ကင်းရှင်းစေရေးအတွက် မော်တော်ယာဉ် ဖြတ်သန်းသွားလာခွင့် ခေတ္တပိတ်မည် ဖြစ်ကြောင်း သက်ဆိုင်ရာမှ သိရသည်။


မိုးစက်(ဘိုကလေး)