တံတားဦး   ၄   မေ

 

တံတားဦးမြို့မြမာလာဦးပန်းခြံ၌ ဖွင့်လှစ်ထားသော ပျံကျဈေးသည်များကို အခြေခံစားသောက် ကုန်များဖြစ်သည့် ဆန်နှင့်ဆီတို့ကို တံတားဦးမြို့ ပန်းကျောင်း လူငယ်များအဖွဲ့နှင့် ဓမ္မိက လူငယ်အဖွဲ့တို့ ပူးပေါင်းပြီး ယနေ့နံနက် ၉ နာရီက အဆိုပါဈေးတွင်  ထောက်ပံ့ကြောင်းသိရသည်။

 

တံတားဦးမြို့ ပန်းကျောင်း လူငယ်များအဖွဲ့နှင့် ဓမ္မိက လူငယ်အဖွဲ့က ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ် ထိန်းချုပ်ကုသရေးကာလတွင်  ပျံကျဈေးသည်များ အနေဖြင့် စားဝတ်နေရေး အဆင်ပြေစေရန် အတွက် ဈေးဆိုင်တစ်ဆိုင်လျှင် ဆန်(၄)ပြည်နှင့် ဆီ(၅၀)ကျပ်သား တို့အားထောက်ပံ့ခြင်းဖြစ်ကြောင်း ပန်းကျောင်း လူငယ်များအဖွဲ့ခေါင်းဆောင် ကိုသန်းထိုက်အောင် ကပြောကြားသည်။ “ယနေ့ ကျွန်တော်တို့အဖွဲ့ ထောက်ပံ့သည့် ပစ္စည်းစုစုပေါင်း ဆန်တစ်တင်းခွဲဝင်အိတ်ပေါင်း(၄၀)၊ ဆီပိဿာပေါင်း(၁၂၀) ၊စုစုပေါင်း တန်ဖိုးအားဖြင့် (၁၇)သိန်းကျပ်ဖြစ်ပါကြောင်း ဒါ့အပြင် ယနေ့တံတားဦးမြို့ ထောက်ပံ့သည့် ပျံကျဈေးသည်ပေါင်း (၂၂၅)ဦး ရှိပါကြောင်း ၎င်းက ဆက်လက်ပြောကြားည်။

 

အဆိုပါ  ထောက်ပံ့ပစ္စည်းပေးအပ်ရာသို့ တံတားဦးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝဏ္ဏအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်နှင့် ဌာနဆိုင်ရာများ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးစန်းယုမောင်နှင့် ကော်မတီဝင်များ တက်ရောက်ကြကြောင်း သိရှိရသည်။

 

ရဲတင့်