တံတားဦး         ဩဂုတ်   ၄

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများနှင့် ထိစပ်ခဲ့သည့် လူနာများအား ဩဂုတ် ၄ ရက် နံနက်ပိုင်းက  Test Kit ဖြင့် စစ်ဆေးရာ ရောဂါပိုးတွေ့ရှိသူ အတည်ပြုလူနာသစ် အမျိုးသား ခုနစ်ဦးနှင့် အမျိုးသမီး ကိုးဦး စုစုပေါင်း ၁၆ ဦး ထပ်မံတွေ့ရှိရပြီး ၎င်းတို့နှင့် ထိတွေ့သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး စည်းကမ်းချက်များနှင့်အညီ အသွားအလာကန့်သတ်ထားရှိ ကြောင်း တာဝန်ရှိသူတစ်ဦး ထံမှ သိရသည်။

 

တံတားဦးမြို့နယ်တွင် ဇူလိုင် ၂ ရက်မှ ယနေ့အထိ ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိသူ အမျိုးသား ၁၂၈ ဦး၊ အမျိုးသမီး ၁၇၆ ဦး စုစုပေါင်း ၃၀၄ ဦးရှိကာ သေဆုံးသူ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၂၅ ဦး စုစုပေါင်း ၄၂ ဦးရှိကြောင်း၊ ရောဂါပျောက်ကင်းသူ အမျိုးသား ၆၈ ဦး၊ အမျိုးသမီး ၉၈ ဦး စုစုပေါင်း ဆေးရုံမှ ဆင်းခွင့်ရသူ ၁၆၆ ဦးရှိကြောင်းနှင့်  ဆေးကုသမှုခံယူနေဆဲ လူနာ ၉၇ ဦးရှိကြောင်း မြို့နယ် အထွေထွေအုပ်ရေးဦးစီးဌာနမှ သိရသည်။

 

ရဲတင့်(တံတားဦး)