တံတားဦး အောက်တိုဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးဌာနမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိးမျိုး ထုတ်ပေးနိုင်ရေး လုပ်ငန်းလမ်းညွှန်ဖြစ်သည့် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” လက်ကမ်းစာစောင် ၅၀၀ ကို အောက်တိုဘာ ၈ ရက် နံနက်ပိုင်းက ပန်းယျကျေးရွာ မြို့အဝင်ဆိုင်းဘုတ်အနီး ခရီးသွားပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြသည်။
ရဲတင့်(တံတားဦး)