တံတားဦး   ၁၅   ဇွန်

 

ကျေးလက်နေပြည်သူများ၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး စိုက်ပျိုးရေး ကဏ္ဍတွင် ဆည်ရေကို အကျိုးရှိစွာသုံးစွဲရေးနှင့် စနစ်တကျသုံးစွဲရေးအတွက် တောင်သူများ ပါဝင်သော ရေအသုံးချသူများအဖွဲ့ (Water User Group) ဖွဲ့စည်းခြင်းကို ယနေ့မွန်းလွဲ(၁)နာရီက ချောင်းခွကျေးရွာရှိ တောင်သူနည်းပညာပေးစင်တာ၌ ကျင်းပသည်။

 

အခမ်းအနားတွင် တံတားဦးမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမြတ်သူနှင့် တာဝန်ရှိသူများက ကင်းတားလက်ဝဲမြောင်း ဒီဝိုင် - ၃၀ ရေသောက် စနစ်မှ ဆည်ရေကို အကျိုးရှိစွာ စနစ်တကျအသုံးပြုနိုင်ရေး ပူးပေါင်းပါဝင်သည့် ဆည်မြောင်းစနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ချောင်းခွကျေးရွာအုပ်စုအတွင်းရှိ ဒေသခံတောင်သူ များနှင့်တွေ့ဆုံ၍ ဆည်ရေအသုံးချသူများအဖွဲ့ ဖွဲ့စည်းခြင်းဖြစ်ကြောင်း၊ ဒါ့အပြင် ဒေသခံတောင်သူများ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ပူးပေါင်းပါဝင်သော ဆည်ရေသောက်စနစ်ဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ ဆည်မြောင်းဥပဒေနှင့် နည်းဥပဒေများ၊ ရေပေးဝေရေးရာသီမတိုင်မီ အချိန်မီ ရေယူမြောင်းများ စနစ်တကျတူးဖော်ရေးနှင့် ရေပေးရာသီအချိန်တွင် မိမိတို့ကြုံတွေ့ရနိုင်သည့် အခက်အခဲများကို ရှင်းလင်းပြောကြားခဲ့ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးစိုးမြတ်သူထံမှ သိရသည်။ ထို့နောက် တောင်သူများပါဝင်သော ရေအသုံးချသူများအဖွဲ့(Water User Group) နှင့် ဒေသခံတောင်သူများက မိမိတို့သိရှိလိုသည်များကို ဆွေးနွေမေးမြန်းရာ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ပြန်လည်ဖြေကြားပေးပြီး လိုအပ်သည်များ ကိုပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ရဲတင့်(တံတားဦး-ပြန်/ဆက်)