တံတားဦး၊  ၂၆  ဒီဇင်ဘာ

 

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ ဒီဇင်ဘာ ၂၆ ရက် နံနက် ၁၀ နာရီက PPE ဝတ်စုံများ၊ ကျန်းမာရေးသုံးပစ္စည်းများ၊ အလှူငွေများနှင့် စက်သုံးဆီများ လာရောက်လှူဒါန်းခဲ့သည်။

 

ထိုသို့လှူဒါန်းရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် မန္တလေး - မြို့သာ စက်မှုဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီ (MMID) မှ  Medical PPE (အင်္ကျီ၊ မျက်မှန်၊ ခေါင်းစွပ်၊ ခြေစွပ်ပါ) ဝတ်စုံ အစုံ ၅၀၊ KN95 Mask ၃၅၀၊ Medical Glove  ၁၅၀  စုစုပေါင်း ငွေကျပ်သိန်း ၂၀ ကျော် တန်ဖိုးရှိ ပစ္စည်များကို လည်းကောင်း၊ ကျောက်ဆည်အသင်း(ရန်ကုန်)မှ ဆေးရုံတွင် လိုအပ်သောနေရာတွင် အသုံးပြုနိုင်ရန်အတွက်  ငွေကျပ် သိန်း ၃၀ ၊ တံတားဦး(အထက) တွဲလက်များ သူငယ်ချင်းအဖွဲ့မှ ငွေကျပ် ၂ သိန်း၊ တံတားဦးမြို့နယ် ဘလဲ့ဘကျေးရွာ ကိုအောင်နိုင်တိုး + မဆွေဆွေ မိသားစုမှ ငွေကျပ် ၁ သိန်းနှင့် တံတားဦးမြို့ BOC စက်သုံးဆီဆိုင်မှ ငွေကျပ် ၅ သိန်းတန်ဖိုးရှိ စက်သုံးဆီဂါလံ  ၂၀၀ တို့ကိုလည်းကောင်း လာရောက်လှူဒါန်းကြရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းနီ၊ ဦးဝဏ္ဏအောင်နှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

 

ရဲတင့်(တံတားဦး ပြန်/ဆက်)