တံတားဦး နိုဝင်ဘာ ၁
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ၂၀၂၁-၂၀၂၂ပညာသင်နှစ်တွင် ဇွန်လမှ စတင်ဖွင့်လှစ်သင်ကြားခဲ့ရာ ကိုဗစ်-၁၉ရောဂါကြောင့် ကျောင်းများ ခေတ္တ ပိတ်ထားရာမှ နိုဝင်ဘာ(၁)ရက် မှစ၍ စတင်ဖွင့်လှစ်ပြီး အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ထိုသို့ပညာသင်ကြားရာတွင်တွင် ကျောင်းသား/သူများကို ကျောင်းအဝင်ဝတွင် ကိုယ်အပူချိန် တိုင်းတာခြင်း ၊ နှာခေါင်းစည်းတပ်ဆင်စေခြင်းနှင့် Face Shield များပါ၊ မပါ စစ်ဆေးပြီး တပ်ဆင်စေခြင်း ၊ လက်ဆေးဘေစင်များထားရှိကာ လက်ကိုစနစ်တကျဆေးရန် တာဝန်ကျ ဆရာ/မများက စစ်ဆေးပြီး တစ်ဦးနှင့် တစ်ဦး နီးကပ်မှုမရှိစေရန်နှင့် (၆) ပေကွာဖြင့် အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိပါကြောင်း ဒါ့အပြင် စာသင်ကျောင်းဝန်းအတွင်းတွင် လက်ဆေးကန်များ စနစ်တကျထားရှိခြင်း ၊ စာသင်ခန်းတိုင်းရှေ့တွင် အမှိုက်ပုံးထားရှိခြင်းနှင့် လက်ဆေးကန်များထားရှိခြင်း ကျောင်းသား./သူများကို ဆရာ/ဆရာမများက အလှည့်ကြ စာသင်ကြားစေပြီး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို စနစ်တကျလိုက်နာမှုရှိ ၊ မရှိကို လိုက်လံစစ်ဆေးလျက်ရှိကြောင်း ကျောင်းအုပ်ဆရာကြီး ဦးကိုကိုမောင်ထံမှ သိရသည်။
တံတားဦးမြို့နယ်အနေဖြင့် အခြေခံပညာအထက်တန်းကျောင်း(၈)ကျောင်း၊ အထက်တန်း ကျောင်းခွဲ(၈)ကျောင်း အလယ်တန်းကျောင်း(၁၁)ကျောင်း ၊ အလယ်တန်းကျောင်းခွဲ(၈)ကျောင်း ၊ မူလတန်းလွန်ကျောင်း (၁၇)ကျောင်း ၊ မူလတန်းကျောင်း(၆၉)ကျောင်း ၊ စုစုပေါင်း(၁၂၁)ကျောင်း ၊ အေးချမ်းစွာ ပညာသင်ကြးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ရဲတင့်(တံတားဦး)


