တံတားဦး ၃၀ ဇူလိုင်

 

မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တံတားဦးမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ရေနှင့် ဒုဋ္ဌဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် နေအိမ်ပြောင်းရွှေ့နေထိုင်ရသည့် ရေဘေးရှောင်ပြည်သူများအား ဆန်ရိက္ခာဖိုး ငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီက တံတားဦးမြို့ အား/ကာခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် တံတားဦးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝဏ္ဏအောင်က အမှာစကား ပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်က ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော ငွေများကို သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့သည်။

 

တံတားဦးမြို့နယ်အနေဖြင့်  ဧရာဝတီမြစ်ရေနှင့် ဒုဋ္ဌဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် နေအိမ်ပြောင်းရွှေ့နေထိုင်ရသည့် ရေဘေးသင့်အိမ်ထောင်စုများမှာ ခေါင်းကွဲကျေးရွာအုပ်စုတွင် အိမ်ထောင်စု(၂၂)စု၊ ငါးရာပြားကျေးရွာအုပ်စုတွင် အိမ်‌ထောင်စု(၁၇၅)စု၊ ဘလဲ့ဘကျေးရွာအုပ်စုတွင် အိမ်ထောင်စု(၇၆)စု၊ မြေငူကျေးရွာအုပ်စုတွင် အိမ်ထောင်စု(၁၀၇)၊ ဇီးပင်ကျေးရွာအုပ်စုတွင် အိမ်ထောင်စု(၈၃)စု၊ ဥတည်ကျေးရွာအုပ်စုတွင် အိမ်ထောင်စု (၁၈)စု၊ တပယ်ကျေးရွာအုပ်စုတွင် အိမ်ထောင်စု(၇၀)စု၊ ပန်းယျကျေးရွာအုပ်စုတွင် အိမ်ထောင်စု(၃၅)၊ ဈေးချိုကျေးရွာအုပ်စုတွင် အိမ်ထောင်စု(၆၇)စု၊ မီးသွေးတိုက်ကျေးရွာအုပ်စုတွင် အိမ်ထောင်စု(၅)စု၊ ပေါက်မြိုင်ကျေးရွာအုပ်စုတွင် အိမ်ထောင်စု(၉၀)စု၊ လက်ပန်ဇင် ကျေးရွာအုပ်စုတွင် အိမ်ထောင်စု(၄၉)စု၊ ဟံသာဝတီကျေးရွာအုပ်စုတွင် အိမ်ထောင်စု(၄၇)စု၊ လက်ဆောင်ယူကျေးရွာ အုပ်စုတွင် အိမ်ထောင်စု(၇၀)စု၊ အမှတ်(၂)ရပ်ကွက်တွင် အိမ်ထောင်စု(၄၇)စုဖြစ်ပြီး တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၂၁၀၀)နှုန်းဖြင့် ရေဘေးသင့်အိမ်ထောင်စုပေါင်း (၉၆၁)စု လူဦးရေစုစုပေါင်း (၄၀၇၉)ဦးအတွက် ထောက်ပံ့ငွေကျပ် (၈၅၆၅၉၀၀)ကို ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသီဟအောင်ထံမှ သိရသည်။

 

ရဲတင့်(တံတားဦး ပြန်/ဆက်)