တံတားဦး ဇန်နဝါရီ ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်းပြီး (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းက မြို့နယ်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပသည်။
အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဘိုမောင်က အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း၊ အသင်းဝင် စာရေးဆရာ ကိုခန့်(တံတားဦး)က အမှတ်ပေး စည်းမျဉ်းများနှင့် အမှတ်ပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး အခြေခံပညာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများက လွတ်လပ်ရေးနေ့ တို့မမေ့ ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြသည်။
စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို အလှူရှင် ဦးလူသစ် (သာယာဦး ဆောက်လုပ်ရေး မန်နေဂျာ) ဇနီး ဒေါ်မာမာမြင့် မိသားစုတို့က ကူညီပံ့ပိုးပေးကြောင်း၊ ဆုရရှိသူများကို ဇန်နဝါရီ ၁ ရက် မွန်းလွဲပိုင်းတွင် ဆုများ ချီးမြှင့်မည်းခဲ့ကြောင်းနှင့် ပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၅ ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
ရဲတင့်(တံတားဦး)