တံတားဦး ၊ ဒီဇင်ဘာ - ၃
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော နိုင်ငံသားကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရန်အတွက် တံတားဦးမြို့နယ် တောင်တလုံးကျေးရွာသို့ ယနေ့ နံနက် ၉ နာရီက မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ မြို့နယ်ဦးစီးမှူး ဦးတင်သန့်ဆွေနှင့် ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်း၌ အမည်ပါရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ကြိမ်တစ်ခါမျှ ကိုင်ဆောင်ဘူးခြင်း မရှိသည့် (၄.၁၁.၂၀၀၄) မတိုင်မီ မွေးဖွားသည့် အသက်(၁၆)နှစ်ပြည့်ပြီးသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း၌ အမည်ပါပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ကြိမ်တစ်ခါမျှ ကိုင်ဆောင်ဘူးခြင်းမရှိသည့် အသက်(၁၈) နှစ်နှင့်အထက် ပြည်သူများကို နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပန်းခင်းစီမံချက်လုပ်ငန်းများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် ပညာပေး လက်ကမ်းစာစောင်စာစောင်များကို ဖြန့်ဝေပေးကြပြီး ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးကြောင်း သိရသည်။
ယနေ့ ကွင်းဆင်းဆောင်ရွက်ပေးသော တောင်တလုံးကျေးရွာတွင် အိမ်ထောင်စုလူဦးရေစာရင်း၌ အမည်ပါရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ကြိမ်တစ်ခါမျှ ကိုင်ဆောင်ဘူးခြင်းမရှိသည့် ဒေသခံပြည်သူ(၂၈)ဦးကို ဆောင်ရွက်ပေးနိုင်ကြောင်း၊ ကွင်းဆင်းဆောင်ရွက်ပေးရာသို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်စိုးဝင်းနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြသည်။
ရဲတင့်(တံတားဦး)