တံတားဦး အောက်တိုဘာ ၁၁
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်အတွင်းရှိ ကျွဲ ၊ နွားများအား ယနေ့နံနက်ပိုင်းက မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကာကွယ်ဆေးများကို ရာသီအလိုက် နှစ်စဉ်အလှည့်ကျ ထိုးနှံပေးကြောင်း သိရသည် ။
ကျွဲ ၊ နွားများ၌ မိုးရာသီတွင် ဖြစ်ပွားသောရောဂါမှာ ပေါင်ပုပ်လက်ပုပ်ရောဂါဖြစ်ပြီး လည်ချောင်း ကွဲရောဂါသည် ရေဝင်ရောက်သော ဒေသများတွင် အဖြစ်များကြောင်း ၊ ထောင့်သန်းရောဂါသည် အပူလွန်ကဲသော ရာသီ၌အဖြစ်များသောကြောင့် ကာကွယ်ဆေးများကို ရာသီအလိုက် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျေးရွာအုပ်စုများရှိ တိရိစ္ဆာန်ကျန်းမာရေးလုပ်သားများနှင့် ပူးပေါင်းပြီး ထိုးနှံပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ မွေးမြူထားသော ကျွဲ ၊ နွားများ သေကြေပျက်စီးခြင်းမှ ကင်းဝေးပြီး လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ခြင်း ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါက်တာဇော်မင်းဦး ထံမှသိရသည် ။
တံတားဦးမြို့နယ်တွင် နွားကောင်ရေ (၅၇၉၉၈)ကောင် ၊ သိုး ၊ ဆိတ်ကောင်ရေ(၂၁၇၃ )ကောင် ၊ ဝက် ကောင်ရေ(၆၀၀၀)ရှိပါကြောင်း ၊ ကျွဲ ၊ နွားများ၌ ရာသီအလိုက် ဖြစ်ပွားတက်သော ရောဂါများကို ကျေးရွာများ အရောက် ကာကွယ်ဆေးများ လိုက်နှံထိုးပေးသည့်အပြင် တိရိစ္ဆာန်မွေးမြူရေးသင်တန်းများကိုလည်း စနစ်တကျ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည် ။
ရဲတင့်(တံတားဦး)