တံတားဦး ဧပြီ ၂၇
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် Grade-1 မှ Grade-11 အထိ စာမေးပွဲ အောင်စာရင်းများကို ယနေ့ နံနက် ၆ နာရီမှစတင်၍ အခြေခံပညာကျောင်းများ၌ ထုတ်ပြန်ကြေညာ ထားကြောင်း သိရသည်။
တံတားဦးမြို့နယ်အတွင်း အခြေခံပညာကျောင်း (၁၂၁)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၉)ကျောင်း စုစုပေါင်း (၁၃၀)ကျောင်းရှိပြီး Grade-1 မှ Grade-11 အထိ စာမေးပွဲ အောင်စာရင်းများကို ထုတ်ပြန်ကြေညာထားရာ ကျောင်းသား၊ ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများက လာရောက်ကြည့်ရှု လျက်ရှိကြောင်း တံတားဦးမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ရဲတင့်( ပြန်/ဆက်)