တွံတေး ဖေဖော်ဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် မွေးမြူရေးဇုန်တွင် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးဟော ပြောပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါမွေးမြူရေးဇုန် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အသိပညာပေးဟောပြော
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းသိမ်းမော်၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာ အောင်မြင့်ဟန်နှင့် တာဝန်ရှိသူများက အသိပညာပေးဟောပြောသည်။
ယင်းနောက် မွေးမြုရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဒေသကြီးရုံးမှ ပိုးသတ်ဆေး 10 kg ၊ PPE အစုံ ၃၀၊ လက်ကမ်းစာစောင် အစောင် ၃၀ နှင့် နံရံကပ်ပိုစတာ ၃၀ ကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီးဦးစီးမှူးနှင့်အဖွဲ့က ဇုန်ကော်မတီသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးလှိုင် (တွံတေး)


