တွံတေး ၂၆ မတ်

 

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် စည်ပင်သာယာဈေးတွင် ဈေးဝယ်သူများ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး ကြိုတင်ကာကွယ်မှု လုပ်ငန်းအဖြစ် တွံတေးမြို့နယ် စည်ပင်သာယာ ရေးအဖွဲ့မှ စည်ပင်သာယာဈေးကြီးတွင် လိုအပ်မှသာ ဈေးလာရောက်ဝယ်ယူပါရန် ဗီနိုင်းပိုစတာများကို ဈေးခြံစည်းရိုးများ၊ လူဝင်လူထွတ်ပေါက်များတွင် လိုက်လံကပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

094

 

တွံတေးမြို့နယ် စည်ပင်သာယာမြို့မဈေးအား နေ့ကြီးရက်ကြီးများ လပြည့်လကွယ် ဥပုသ်ရက်များတွင် သာ ဈေးကိုပိတ်ပြီး ကျန်ရက်များတွင် မနက် ၆ နာရီမှ ညနေ ၅ နာရီအထိ ပုံမှန် ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။ တွံတေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ရုံးရှေ့တွင်လည်း ဈေးများကို ပုံမှန်ဖွင့်လှစ် ရောင်းချသွားစေရန် အသိပေး ဗီနိုင်းပိုစတာ ချိတ်ဆွဲထားသည်။

 

100

 

မြို့မဈေးကြီးအတွင်း စားသုံးကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများအား ပုံမှန်ဈေးနှုန်းဖြင့်သာ ရောင်းချနေပြီး ရောင်းဝယ်သူများကလည်း ပုံမှန်ဈေးဝယ်ယူလျက်ရှိကြောင်း သိရသည်။ စည်ပင်သာယာ မြို့မဈေးအတွင်း လက်ဆေးနေရာများထားရှိကာ COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး လုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မျိုးလှိုင်(တွံတေး)