တွံတေး ၁ အောက်တိုဘာ
ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများများနှင့်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနတို့ ပူးပေါင်း၍ တွံတေးမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအုပ်စု၊ ဇီးဖြူကုန်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းတွင် အောက်တိုဘာ (၃)ရက်နေ့ နံနက်(၁၀)နာရီတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပပြုလုပ်မည် ဖြစ်ကြောင်းသိရှိရသည်။
အဆိုပါ ပြည်သူ့စကားဝိုင်းတွင် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇင်ဉီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တွံတေးမြို့မရဲစခန်းမှ ရဲအုပ်ဇင်ဘိုပိုင်၊ ကျန်းမာရေးဉီးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ မျိုးဇော်လှ၊ မြို့နယ်စားသုံးသူရေးရာဉီးစီးဌာနမှ မြို့နယ်ဉီးစီးမှူး ဉီးဌေးအောင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူး H.A (1) ဉီးလှစိုးတို့က အဆိုပါဒေသမှ ရပ်မိရပ်ဖများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ၊ ဆရာဆရာများနှင့် ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ၍ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးမည်ဖြစ်ကြောင်းနှင့် ဒေသတွင်း ကျေးလက်နေ ပြည်သူများ အနေဖြင့် မည်သူမဆို ပါဝင်ဆွေးနွေးနိုင်ကြောင်း သိရှိရသည်။
မျိုးလှိုင်(တွံတေး)


