တွံတေး ၂၃  မတ်

 

ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၌ နွေရာသီသောက်သုံးရေ ရှားပါးပြတ်လပ်မှုများ မဖြစ် ပေါ်စေရေးနှင့် ကျေးလက်နေပြည်သူများ သန့်ရှင်းသောရေများ လုံလောက်စွာ ရရှိစေရေးတို့အတွက် မြို့နယ်အတွင်းရှိ ကျေးရွာ(၄)ရွာတို့တွင် စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများကို ဆောင် ရွက်ပေးလျက်ရှိကြောင်း တွံတေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

3511

 

 “ဒေသခံ ကျေးရွာတွေရဲ့ လိုအပ်ချက်အရပေါ့။ စက်ရေတွင်းတူးဖော်တာနဲ့ အုတ်ရေကန်တည် ဆောက် နေတာတွေကို ရွှေလှေချောင်(တွံ့)ကျေးရွာအုပ်စု အမ္မတီကျေးရွာ၊ ထော်သိုကျေးရွာအုပ်စု ညောင်ထောက် ကျေးရွာ၊ ဌက်ပျောစမ်းကျေးရွာအုပ်စု သမ္ဗာန်ဆိပ်ကျေးရွာနှင့် ပြဿတိုက်ကျေးရွာအုပ်စု ပြဿတိုက် ကျေးရွာတွေမှာ မတ်လပထမအပတ်ကနေပြီးတော့ ဆောင်ရွက်ပေးနေတာပါ အခုဆိုရင်ကျေးရွာ (၄) ရွာမှာ စက်ရေတွင်း တူးဖော်ဆောင်ရွက်တာ (၇၀)ရာခိုင်နှုန်းလောက် ပြီးစီးနေပါ ပြီဟု တွံတေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခင်မောင်လွင်က ကျေးလက်ရေရှိရေး လုပ်ငန်းဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းပြသည်။

 

85

 

အနက်ပေ(၃၀ဝ)ရှိ (၄)လက်မ စက်ရေတွင်းတူးဖော်ခြင်းနှင့် ရေဂါလန်(၂၀ဝ၀)ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်း လုပ်ငန်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် အမ္မတီ ကျေးရွာ၊ ညောင်ထောက်ကျေးရွာနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် သမ္ဗန်ဆိပ် ကျေးရွာ နှင့် ပြဿတိုက်ကျေးရွာ(၄)ရွာတို့တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်ခြင်းဖြစ်ပြီး ကျေးရွာတစ်ရွာလျှင် ခွင့်ပြုရန်ပုံငွေကျပ်သန်း(၉.၆၂၀) ဖြင့် ဆောင်ရွက်ခြင်းဖြစ် ကြောင်းနှင့် စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပါက အဆိုပါ ကျေးရွာများရှိ အိမ်ခြေ(၆ဝ၇) အိမ်နေ ကျေးရွာနေပြည်သူ(၂၇၀ဝ)ဦးတို့အတွက် သောက်သုံးရေများဖူလုံစွာအသုံးပြုနိုင် တော့မည်ဖြစ်ကြောင်း သိရသည်။

 

011

 

မြို့နယ်အတွင်း၌ နွေရာသီ ရေရှားပါးပြတ်လပ်မှုအခက်အခဲများ ဖြစ်ပေါ်လာပါက တွံတေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခင်မောင်လွင် ဖုန်း ဝ၉၇၇၈၆၄၄၁၉၆၊ အငယ်တန်း အင်ဂျင်နီယာ(၂) ဦးပြည့်စုံမောင်မောင် ဖုန်း-ဝ၉၆၉၄၂၁၀၈၀ဝ နှင့် အကြီးတန်းစာရေး ဦးနေဇာဝင်း ဖုန်း-ဝ၉၇၈၀၁၄၆၉၀၄ တို့သို့ ဆက်သွယ်၍လည်း အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

 

ဇင်မင်းထိုက်(ထန်းတပင်)

 

3926