တွံတေး ဒီဇင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းက မင်းပိုင်ရပ်ကွက်ရှိ တောင်ပေါ် နဒ္ဒဝန်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံများ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် တွံတေးမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာ ၇၃ အုပ်စုမှ အသက် ၁၆ နှစ်နှင့် ၁၈ နှစ်အကြား ပြည်သူများနှင့် အသက် ၁၈ နှစ်အထက် ပြည်သူ ၁၁၃၁၀ ကို နိုင်ငံသား စိစစ်ရေးကတ်များ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် ကျန်ရှိနေသော ရွှေဆံတော်ရပ်ကွက်နှင့် စျေးသစ်ရပ်ကွက်နေ ပြည်သူများကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တွံတေးသာ