တွံတေး  ၁၆  ဇွန် 

 

၂၀၂၀-၂၀၂၁ ပညာသင်နှစ် Grade-4 သင်ရိုးသစ်(FACE TO FACE)မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့နယ်၌ ဇွန် ၁၅ ရက် နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတို့တွင် စာသင်ခန်း ၄၀ ဖြင့် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

 

၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အရည်အသွေးပြည့်ဝသော ဆရာ ဆရာမများမှ အရည်အသွေး ပြည့်ဝသော ကျောင်းသား ကျောင်းသူများ ပြုစုပျိုးထောင်နိူင်ရေး၊ လက်တွေ့အသုံးဝင်မည့် အသိပညာ၊ အတတ်ပညာများ ရရှိစေရေး ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်သည်။

 

တွံတေးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ဇွန် ၁၃ ရက်မှ ၁၄ ရက်အထိ နှစ်ရက်ကြာ ဖွင့်လှစ်ပို့ချခဲ့သော Grade-4 သင်ရိုးသစ် နည်းပြများ TOT  Online Training  သင်တန်းတွင် တက်ရောက်ခဲ့သည့် နည်းပြဆရာ ဆရာမ ၁၆၄ ဦးမှ ဆင့်ပွားသင်တန်းကို ပို့ချလျက်ရှိပြီး တွံတေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၂၁၆ ကျောင်းမှ မူလတန်းပြဆရာ ဆရာမ ၈၈၀ ကို စာသင်ခန်း တစ်ခန်း လျှင် ၂၂ ဦးနှုန်းဖြင့် စာသင်ခန်း ၄၀ ၌ သင်ကြားပို့ချလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

 

အဆိုပါသင်တန်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက  ထုတ်ပြန်ကြေညာထားသော ကျန်းမာရေး လမ်းညွှန့်ချက်များအတိုင်း စနစ်တကျဆောင်ရွက်ထားပြီး သင်တန်းကို ဇွန် ၁၅ ရက်မှ ၂၁ ရက်အထိ ရက်သတ္တ တစ်ပတ်ကြာ သင်ကြားပို့ချ‌သွားမည့်ဖြစ်ကြောင်း သိရသည်။

 

မျိုးလှိုင်(တွံတေး)