တွံတေး ၂၃ မေ

 

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်ဦးမှူးနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အသက် ၁၆ နှစ်မှ ၁၈ နှစ်ပြည့်ပြီးသူတို့၏ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် ရုံးပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိရာ မြန်မာနိုင်ငံသားများဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မေလ ပထမပတ်မှစတင်၍ ဆောင်ရွက်ပေးလျက်ရှိပြီး အသက် (၁၆ နှစ်မှ ၁၈ နှစ်ထိ) နှင့် (၁၈ နှစ်မှ အထက်) ရှိသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

 

တွံတေးမြို့နယ်တွင် အသက်(၁၈) နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးရမည့်သူဦးရေ (၁၇၆၉၇)ဦးနှင့် အသက် (၁၆)နှစ်နှင့် (၁၈)ကြား လူဦးရေ (၅၁၃၀) ဦးတို့အား စီမံချက်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပန်းခင်းစီမံချက်ကို ၂၀၂၁ ခုနှစ်၊ မေလမှစတင်၍ (၁၆) ပတ်ကြာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းကို မေ ၃ ရက်မှစတင်ကာ ရပ်ကွက်၊ ကျေးရွာအုပ်စုများသို့ အဖွဲ့များခွဲ၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမြင့်ဦးထံမှ သိရှိရသည်။

 

မြို့နယ်(ပြန်/ဆက်)