တွံတေး သြဂုတ် ၂၃

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ပြည်သူများ စားဝတ်နေရေးပြေလည်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်၊လက်ပံဂွကျေးရွာအုပ်စု၊ စက်ဆန်းကျေးရွာအတွင်းတွင်  စားဝတ်နေရေး အခက်အခဲရှိသည့် အိမ်ထောင်စုများအတွက် တန်ဖိုးသင့်အခြေခံ စားသောက်ကုန်များရောင်းချခြင်းကို ယမန်နေ့  နံနက်ပိုင်းက  အဆိုပါကျေးရွာ၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

တွံတေးမြို့နယ်၊စက်ဆန်းကျေးရွာမှဦးတင်ကိုလတ်+ဒေါ်ခင်ဝင်းရွှေမိသားစုမှစက်ဆန်းကျေးရွာ အတွင်းရှိ အခြေခံလူတန်းစား(၁၅၀)အတွက်   အိမ်ထောင်စုတစ်စုလျှင် ဆန်(၂)ပြည်၊ ၊ ကြက်သွန်နီ (၁)ပိဿာ၊ ဆီ(၅၀)ကျပ်သား၊ကြက်ဥ(၁၀)လုံး စသည့် အခြေခံစားသောက်ကုန်( ၄)မျိုးကိုငွေကျပ်( ၂၀၀၀)ကျပ်ဖြင့် ကျေးရွာအတွင်းရှိ အိမ်ထောင်စုများသို့ ရောင်းချပေးခဲ့သည့်အပြင် နှာခေါင်းစည်း Mask များကိုလည်း ထပ်မံလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)