တွံတေး စက်တင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံမှုမဖြစ်ပွားစေရေးနှင့် တားဆီး ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ စက်မှုဇုန်ပြင်ပ စက်ရုံ၊ အလုပ်ရုံ အလုပ်သမားများ၊ နေ့စား ဝန်ထမ်းများနှင့် အလုပ်သမားများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ ငွေစု/ ငွေချေးလုပ်ငန်းများ၊ စက်သုံးဆီဆိုင်များ၊ ငါးဒိုင်များ၊ ဆန်စက်များ၊ လျှပ်စစ်ရုံး နေ့စားဝန်ထမ်းများ၊ စားသောက်ဆိုင်၊ စတိုးဆိုင်၊ အထည်ချုပ်၊ အနှေးယာဉ်ဂိတ်များ၊ စက်မှု/လက်မှု လုပ်သားများ နေ့စားဝန်ထမ်းများ စုစုပေါင်း(၁၂၆၅)ဦးတို့အား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ မွန်းလွဲ ၃ နာရီအထိ လူဦးရေ (၈၀၀)ကျော်ကို ထိုးနှံပေးခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီအသင်းမှ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပူးပေါင်းကူညီဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)