တွံတေး  ၅  မတ်

 

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်တွင် COVID-19 ရောဂါကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက တွံတေးမြို့ လူစည်းကားနေရာများဖြစ်သော လမ်းဆုံ လမ်းခွများ၌ နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သုံးစွဲနိုင်ရေးနှင့် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့တွင်းအဓိကလမ်းဆုံဖြစ်သော ကျောက်တိုင်လမ်းဆုံနှင့် စည်ပင်သာ ယာ မြို့မဈေးရှေ့တို့တွင် မြို့နယ်ပြည်သူ့ကျန်းမာဦးစီးဌာနမှူး ဒေါက်တာမျိုးဇော်လှနှင့် ပူးပေါင်း အဖွဲ့ဝင်များက ပြည်သူများ နှာ‌ခေါင်းစည်းများ စနစ်တကျ တပ်ဆင်သုံးစွဲရေးနှင့် ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာ စောင်များကို ဖြန့်ဝေပေးခြင်း၊ COVID-19 ရောဂါ ကြိုတင်ကာကွယ်နည်းများကို ပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

 

မျိုးလှိုင်(တွံတေး)