တွံတေး  ၁   နိုဝင်ဘာ 

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်ဘောလုံးအဖွဲ့ချုပ် ရန်ပုံငွေ ချစ်ကြည်ရေး ဘောလုံးပွဲနှင့် ဖျော်ဖြေပွဲကို နိုဝင်ဘာ ၃ ရက်နေ့ နေ့လည် ၁ နာရီမှစ၍ တေးသံသာများဖြင့် တွံတေးမြို့နယ်မြို့မ ဘောလုံးကွင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

တွံတေးမြို့နယ်ဘောလုံးအသင်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရုပ်ရှင်နှင့်ဂီတအနုပညာရှင်များ ပါဝင်သော Actor Star FC အသင်းနှင့် တွံတေးမြို့နယ်ဘောလုံးအဖွဲ့ချုပ်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဘောလုံးပွဲမစတင်မီအချိန်တွင်  အဆိုတော် မိုးမိုး၊သာဂန်း ၊ ရဲနောင်၊ ပွင့်နဒီမောင်၊ စုမြတ်နိုင်းဉီး၊ ဘေဘီမောင်၊ သဉ္ဇာမြင့်မိုရ် ၊ မေမဒီ နှင့် သံစဉ်မော်တို့က တေးဂီတများဖြင့် ဖျော်ဖြေပေးသွားမည်ဖြစ်ကာ ကွင်းဝင်ကြေး (၂၀ဝဝ) သတ်မှတ်ထားကြောင်း သိရှိရသည်။

မျိုးလှိုင် (တွံတေး)