စက်တင်ဘာ ၈
တွံတေးတူးမြောင်းဖြတ်ကျော် (၃၃)ကေဗွီ လှိုင်သာယာ - တွံတေး ဓာတ်အားလိုင်း သွယ်တန်းခြင်းကို တွံတေးတူးမြောင်း မိုင်တိုင် ၁၁ ဒသမ ၅ မိုင်နှင့် ၁၂ မိုင်အကြားတွင် စက်တင်ဘာ ၁၁ ရက်မှ ၁၃ ရက်ထိ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၄ နာရီထိ ဆောင်ရွက်မည်ဖြစ်သည်။
လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း လုပ်ငန်းခွင်၏ အထက်နှင့် အောက်ဘက်ရှိ တွံတေးတူးမြောင်းအတွင်းမှ ရေယာဉ်များဖြင့် ကြီးကြပ်ကွပ်ကဲရေးအဖွဲ့က စောင့်ဆိုင်းပြီး ရေလမ်း ခေတ္တပိတ်ထားမည် ဖြစ်သည်။
တွံတေးတူးမြောင်းကို ဖြတ်သန်းမည့် ရေယာဉ်များသည် လုပ်ငန်းခွင်မှ လွတ်ကင်းရာတွင် ရပ်နားစောင့်ဆိုင်းပြီး ကြီးကြပ်ကွပ်ကဲရေးအဖွဲ့က ခွင့်ပြုမှသာ လုပ်ငန်းခွင်ကို ဖြတ်သန်းခုတ်မောင်းကြရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ရေလမ်းသတိပေး နှိုးဆော်ချက် ထုတ်ပြန်ထားသည်။
သတင်းစဉ်


