တန့်ယန်း  ၆  ဒီဇင်ဘာ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဘင်ခရာ တပ်ဖွဲ့ အတွက် ကျောင်းသားကျောင်းသူဟောင်းများမှ လှူဒါန်းခဲ့သည့် တူညီဝတ်စုံပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါ ကျောင်းခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာဌေး မက ကျောင်းဘင်ခရာ တပ်ဖွဲ့အတွက် ကျောင်းသားကျောင်းသူဟောင်းများမှ စုစုပေါင်း အလှူငွေကျပ် (၁၀)သိန်း ဖြင့် ပြုလုပ်ခဲ့သည့် လေ့ကျင့်ရေး တူညီဝတ်စုံများ ပေးအပ်ရခြင်း အကြောင်းကို ရှင်းလင်း တင်ပြပြီး ကျောင်းသား ကျောင်းသူဟောင်းများ၏ကိုယ်စား နာယက ဒေါ်နန်းပွဲလူမှ အဆိုပါ လေ့ကျင့်ရေး တူညီဝတ်စုံများကိုပေးအပ်ရာ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ဘင်ခရာ တပ်ဖွဲ့ ခေါင်းဆောင်က လက်ခံရယူခဲ့ကြောင်း သိရသည်။

 

မင်းလွင်ဦး(ပြန်/ဆက်)