တန့်ယန်း  ၂၁  ဇွန်

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် အမှတ် (၂) ရပ်ကွက်ရှိ စောင့်ကြည့်ရေးစခန်းသို့ ယနေ့ နံနက်ပိုင်းက မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ တစ်ကိုယ်ရေသုံးပစ္စည်များအား ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ထိုသို့ထောက်ပံ့ရာတွင် စောင်၊ ခြင်ထောင်နှင့် တစ်ကိုယ်ရေသုံး ပစ္စည်များအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေမိုးဦးနှင့် မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဒုတိယတပ်ရင်းမှူး စိုင်းလှထွန်းက စောင့်ကြည့်ရေးစခန်းရှိသူ (၁၅) ဦးအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း  သိရသည်။      

                                                                                    

မင်းလွင်ဦး(ပြန်/ဆက်)