တန့်ယန်း  ၆  ဖေဖော်ဝါရီ 

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့ မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် အသုံးပြုနိုင်ရန်အတွက် တန့်ယန်းမြို့၊ အမှတ်(၄)ရပ်ကွက်နေ ဦးစံမြင့် + ဒေါ်အေးအေးပြုံး မိသားစုမှ Blue Photo (၂)စုံ ပေးအပ် လှူဒါန်းပွဲ ကို ဖေဖေါ်ဝါရီလ ၆ ရက်နေ့ နံက်ပိုင်းက ကျင်းပသည်။

 

852

 

အဆိုပါ Blue Photo မှာ မွေးကင်းစ ကလေးသူငယ်များ အသားဝါရာတွင် အသုံးပြုရသော ပစ္စည်းဖြစ်ပြီး ဦးစံမြင့် + ဒေါ်အေးအေးပြုံး မိသားစုမှ Blue Photo (၂) စုံအတွက် တန်ဖိုးငွေ တစ်သိန်း ငါးသောင်းကျပ်အားလှူဒါန်းရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ဇော်ဦးက လက်ခံရယူကာ ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မင်းလွင်ဦး(ပြန်/ဆက်)