တန့်ယန်း မတ် ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ယနေ့ နံနက် ၉ နာရီမှစ၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုလျက်ရှိရာ ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း ၉၈ ဒသမ ၀၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
တန့်ယန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၅၃) ဦး စာရင်းပေးသွင်းထားပြီး စုစုပေါင်း (၁၅၀)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိရာ ဖြေဆိုသူ (၉၈ ဒသမ ၀၄) ရာခိုင်နှုန်းရှိသည်။ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရန် ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးနှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက လိုအပ်သည့်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)


